Home>Articles>100 Days of Blockchain (Day 1): Blockchain ဆိုတာ ဘာလဲ?
Published :19 December 2025
blockchain

100 Days of Blockchain (Day 1): Blockchain ဆိုတာ ဘာလဲ?

instagram

100 Days of Blockchain (Day 1): Blockchain ဆိုတာ ဘာလဲ?

Press enter or click to view image in full size
Photo by Hitesh Choudhary on Unsplash

မင်္ဂလာပါ။ ဒီနေ့ကတော့ 100 Days of Blockchain အစီအစဉ်ရဲ့ ပထမဆုံးရက် (Day 1) ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Blockchain နည်းပညာနဲ့ ပတ်သက်ပြီး အခြေခံမရှိသေးတဲ့သူတွေပါ နားလည်နိုင်အောင် ရှင်းပြသွားမှာ ဖြစ်ပါတယ်။

ဒီနေ့ Day 1 မှာတော့ Blockchain ဆိုတာ ဘာလဲဆိုတာကို နားလည်ဖို့အတွက် လက်ရှိ website တွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာနဲ့ ယှဉ်ပြီး လေ့လာကြည့်ကြပါမယ်။

လက်ရှိ Web 2.0 စနစ်များ (Client-Server Model)

ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ Facebook လို Application တွေကို နမူနာထား စဉ်းစားကြည့်ရအောင်။

ဥပမာ — User A နဲ့ User B ဆိုပြီး ရှိမယ်။ သူတို့နှစ်ယောက်လုံး Facebook ကို သုံးနေကြတယ်။ User A က သူ့ဖုန်းထဲက ဓာတ်ပုံတစ်ပုံကို Facebook ပေါ် တင်လိုက်တယ် ဆိုပါစို့။ အဲ့ဒီပုံက ဘယ်ကို ရောက်သွားမလဲဆိုတော့ Facebook ရဲ့ Database Server ဆီကို ရောက်သွားပြီး သိမ်းလိုက်ပါလိမ့်မယ်။

User B က အဲ့ဒီပုံကို ကြည့်ချင်တယ်ဆိုရင် Facebook ရဲ့ Server ကနေတစ်ဆင့် လှမ်းကြည့်ရတာပါ။ ဒီနေရာမှာ အသုံးပြုသူတွေရဲ့ ဖုန်း/ကွန်ပျူတာတွေကို Client လို့ခေါ်ပြီး၊ အချက်အလက်တွေကို သိမ်းထားပေးတဲ့ ဗဟိုစက်ကြီးကိုတော့ Server လို့ ခေါ်ပါတယ်။ ဒါကို Client-Server Architecture လို့ သတ်မှတ်ပါတယ်။

ဒီစနစ်မှာ အားနည်းချက်ကတော့ အချက်အလက်အားလုံးကို Server တစ်နေရာတည်းက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

မိသားစု စာရင်းအင်း ဥပမာ (Centralized vs Decentralized)

Blockchain သဘောတရားကို ပိုရှင်းသွားအောင် မိသားစု (၂) စုရဲ့ ငွေရေးကြေးရေး စာရင်းမှတ်ပုံချင်း ယှဉ်ပြီး ကြည့်ရအောင်။

Family A (Centralized System)

ဒီမိသားစုမှာ အဖေ၊ အမေ၊ သား၊ သမီး (၄) ယောက်ရှိတယ်။ အိမ်ရဲ့ ငွေစာရင်း ဝင်ငွေ/ထွက်ငွေ အားလုံးကို အမေလုပ်သူကပဲ စာရင်းအုပ်နဲ့ မှတ်ထားတယ်။ သားက ပိုက်ဆံလိုလို့ တောင်းရင် အမေက သူ့စာရင်းအုပ်ထဲမှာ မှတ်ပေးလိုက်တယ်။

Get Lynn The Light’s stories in your inbox

Join Medium for free to get updates from this writer.

ဒီစနစ်ရဲ့ ပြဿနာက -

  • အမေက စာရင်းအုပ်ကို တစ်ယောက်တည်း ကိုင်ထားတာ ဖြစ်တဲ့အတွက် တကယ်လို့ အမေက စာရင်းမှားရေးလိုက်ရင် သော်လည်းကောင်း၊ ပြင်ရေးလိုက်ရင် သော်လည်းကောင်း ကျန်တဲ့လူတွေ မသိနိုင်ပါဘူး။
  • စာရင်းအုပ် ပျောက်သွားရင်လည်း မှတ်တမ်းတွေ အကုန်ပျောက်သွားမှာ ဖြစ်ပါတယ်။

Family B (Decentralized System)

ဒီမိသားစုမှာကျတော့ ပုံစံတစ်မျိုး ပြောင်းလိုက်မယ်။ အိမ်မှာရှိတဲ့ (၄) ယောက်လုံးက စာရင်းအုပ် တစ်အုပ်စီ ကိုယ်စီ ကိုင်ထားကြမယ်

  • အိမ်ရဲ့ ဝင်ငွေ/ထွက်ငွေ တစ်ခုခု (Transaction) ဖြစ်တိုင်းမှာ (၄) ယောက်လုံးက သူတို့ရဲ့ စာရင်းအုပ် အသီးသီးမှာ လိုက်မှတ်ကြတယ်။
  • ဥပမာ — အဖေက သားကို မုန့်ဖိုးပေးလိုက်တယ်ဆိုရင် အဲ့ဒီအကြောင်းအရာကို (၄) ယောက်လုံးက လိုက်မှတ်တယ်။
  • ဒီတော့ တစ်ယောက်ယောက်က လိမ်ချင်လို့ သူ့စာရင်းအုပ်မှာ ပြင်ရေးရင်တောင် ကျန်တဲ့ (၃) ယောက်ရဲ့ စာရင်းအုပ်နဲ့ တိုက်စစ်လိုက်ရင် မိသွားမှာ ဖြစ်ပါတယ်။

Family A က လက်ရှိဘဏ်တွေ၊ ကုမ္ပဏီတွေ သုံးနေတဲ့ Centralized စနစ်ဖြစ်ပြီး၊ Family B ကတော့ Blockchain သုံးထားတဲ့ Decentralized စနစ်နဲ့ တူပါတယ်။

Blockchain Architecture

Blockchain နည်းပညာမှာ အချက်အလက်တွေကို သိမ်းဆည်းတဲ့အခါ Block လေးတွေ အနေနဲ့ သိမ်းဆည်းပါတယ်။

  1. Genesis Block (First Block): ပထမဆုံး စလုပ်တဲ့ Block ပါ။ ဥပမာ — ကျွန်တော့်မှာ ပိုက်ဆံ $100 ရှိတယ်ဆိုပြီး စမှတ်လိုက်မယ်။
  2. Transaction: နောက်ထပ် ကျွန်တော်က သူငယ်ချင်းတစ်ယောက်ကို $50 ပေးလိုက်တယ်ဆိုရင်၊ ကျွန်တော့်ဆီမှာ $50 ကျန်မယ်၊ သူငယ်ချင်းဆီမှာ $50 ရောက်သွားမယ်။ ဒီအပြောင်းအလဲကို နောက်ထပ် Block တစ်ခုအနေနဲ့ မှတ်တမ်းတင်ပြီး ပထမ Block နဲ့ ချိတ်ဆက်လိုက်ပါတယ်။

ဒီလို Block တွေ တစ်ခုနဲ့တစ်ခု ဆက်နွယ်ပြီး ချိတ်ဆက်ထားတာကို Blockchain လို့ ခေါ်တာပါ။

Nodes (ကွန်ပျူတာများ ချိတ်ဆက်ခြင်း)

Blockchain တစ်ခုကို လူတစ်ယောက်တည်းက Run လို့ မရပါဘူး။ ကမ္ဘာအနှံ့က ကွန်ပျူတာတွေ (Nodes) အများကြီး ချိတ်ဆက်ထားရပါတယ်။ ကျွန်တော့် ကွန်ပျူတာ (Node) တစ်ခုတည်းမှာပဲ Data ရှိနေတာ မဟုတ်ပါဘူး။ သူငယ်ချင်းတွေဖြစ်တဲ့ Howy တို့၊ Lynn တို့ရဲ့ ကွန်ပျူတာတွေ (Nodes) မှာလည်း ဒီ Blockchain မှတ်တမ်းတွေ အတူတူ ရှိနေမှာ ဖြစ်ပါတယ်။

အရေးကြီးဆုံး အချက်ကတော့ Synchronization ပါ။ Blockchain ထဲမှာ ငွေလွှဲပြောင်းမှု (Transaction) တစ်ခု ဖြစ်လိုက်တာနဲ့ ကွန်ပျူတာ (Node) အားလုံးမှာရှိတဲ့ မှတ်တမ်းတွေက တပြိုင်နက်တည်း Update ဖြစ်သွားရပါမယ်။ ဒါမှသာ Family B ဥပမာလိုပဲ အားလုံးမှာ မှန်ကန်တဲ့ စာရင်းအင်း တစ်ခုတည်း ရှိနေမှာ ဖြစ်ပါတယ်။

Summary

အတိုချုပ်ရရင် Blockchain ဆိုတာ ဗဟိုထိန်းချုပ်မှု မရှိဘဲ (Decentralized)၊ ကွန်ပျူတာ Node ပေါင်းများစွာကနေ မှတ်တမ်းတွေကို မျှဝေထိန်းသိမ်းထားတဲ့ စာရင်းအင်း နည်းပညာ (Distributed Ledger Technology) တစ်ခု ဖြစ်ပါတယ်။

ဒီနေ့ Day 1 မှာတော့ ဒီလောက်ပါပဲ။ မနက်ဖြန် Day 2 မှာတော့ လူသိများတဲ့ Bitcoin နဲ့ Ethereum Blockchain တွေအကြောင်း ဆက်ပြီး ဆွေးနွေးသွားပါမယ်။

Youtube : https://youtu.be/gct3jZEdOIc?si=HBA-9S2G74tya80t

Facebook : https://www.facebook.com/letsfxckingo

Sources : Medium

Listen To The Article

Ask For A Free Demo!
Phone
Phone
* T&C Apply
+91 8925923818+91 8925923818https://t.me/Osiz_Technologies_Salessalesteam@osiztechnologies.com
Christmas Offer 2025

X-Mas 30%

Offer

Osiz Technologies Software Development Company USA
Osiz Technologies Software Development Company USA